အလင်းစကားဖွဲ့သီ မျက်ဝန်းဆီမှ စာအုပ်ထွက်ရှိ

၂၄ သြဂုတ်

ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)ရေးသားသည့် အလင်းစကားဖွဲ့သီ မျက်ဝန်းဆီမှ စာအုပ်ထွက်ရှိလာသည်။ လူတစ်ဦးတွင် မျက်စိအမြင်အာရုံ ဆုံးရှုံးခြင်းသည်ဘဝတစ်ခုလုံး သေဆုံးသွားသလိုပင်ဖြစ်သည်။ အဆိုပါစာအုပ်တွင် လူသားတိုင်း၏တန်ဖိုးရှိလှသည့် မျက်လုံးလေးများ ကျန်းမာသန်စွမ်းဖို့၊ အမြင်ကြည်လင်ဖို့အတွက်မျက်စိကျန်းမာရေးနှင့် ပတ်သက်သည့် အလင်းစကားများကို ဆောင်းပါးအဖြစ်စုစည်းတင်ပြထားသည်။ 

အဆိုပါ စာအုပ်တွင် မျက်စိရောဂါများ အကြောင်း၊ မျက်လုံးအကြည့်များအကြောင်း၊ မျက်မြှေးရောင် မျက်စိနာခြင်းအကြောင်း၊ကလေးလူငယ် လူရွယ်လူကြီး အရွယ်မရွေး သိရှိထားသင့်သည့် ဟန်းဖုန်းနှင့်ကျန်းမာရေး အ္တရာယ်များအကြောင်းစသည့် ဆောင်းပါး ၂၂ ပုဒ်ဖြင့် ဖော်ပြထားသည့်အတွက် စာဖတ်သူများအတွက် များစွာအထောက်အကူပြုသည့်စာအုပ်တစ်အုပ်ဖြစ်သည်။

လင်းရောင်သစ်စာပေမှ ထုတ်ဝေဖြန့်ချိပြီး တန်ဖိုးငွေကျပ် ၃၅၀ဝ ဖြင့် ဝယ်ယူဖတ်ရှုနိုင်သည်။

မေမိုးသဲ