ရန်ကုန်၊ သြဂုတ်၂၁

 

အများပြည်သူ လျှပ်စစ်အန္တရယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေး၊ ဗို့အား ပြည့်ဝစွာ ရရှိရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အ.ထ.က (၄) နှင့် အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ စာသင်ကျောင်းအထိ ၆.၆ ကေဗွီ ဟုန်ဟိုင်း - စွမ်း (၂) ဖီဒါ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို သြဂုတ်၂၀ ရက် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိ အလုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းများ၊ Platform Truck တစ်စီး၊ အမှိုက်သိမ်းယာဉ် ၄ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

 

လုပ်ငန်းများဆောင်ရွက်ရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ အနောက်ပိုင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာနှင့် အလုံမြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်