နေပြည်တော် ၂၈ ဩဂုတ်
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုး ခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျှက်ရှိပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ပုံစံဖြင့် ကျား (၄၁၉၃) ဦး၊ မ (၇၁၂၂) ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၁၁၃၁၅)ဦးချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန် အတွက်မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လအတွင်း လက်ခံရရှိမှု (၂၁၉) မှု တွင်အခြားဌာနသို့ လွှဲပြောင်းမှု (၄) မှု၊ ကျေအေးမှု (၁၅) မှု၊ ခုံသမာဓိအဖွဲ့သို့လွှဲပြောင်းမှု (၅၉) မှု၊ ပိတ်သိမ်းမှု (၂၆) မှု၊ ငွေကြေးအကျိုး ခံစားခွင့် (၉၀) မှု နှင့်လက်ကျန်အမှု (၂၅) မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၅၇၃) ဦး အား ငွေကျပ် ၂၃၀,၃၅၄,၄၇၇ ကိုခံစားခွင့်ရရှိစေခဲ့ပါသည်။ ကျွမ်းကျင်လုပ်သားများရရှိစေရန်လေ့ကျင့် ပေးခြင်းနှင့် ကျွမ်းကျင်မှု အဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းများအနေဖြင့် အောက်ပါအတိုင်းဖြစ်ပါသည်-
အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ် ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့်ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက် ပေးခဲ့ရာငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၂၀၀ ကျော်ကိုခံစားခွင့်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့်အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၂၈)မှုနှင့် ခုံသမာဓိကောင်စီတွင်(၂၉)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၉၆၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၁၄၄၀ ဦး အတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၆၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ပါသည်။
အာမခံအလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လအတွင်းအလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


