ရန်ကုန်  ၂၆   မေ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)- VZF တို့ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်း (EII Pilot Project Launching) စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၆)၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာဝင်းရှိ Awei Metta Hotel (Ballroom) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) မှ  Liaison Officer - Rory Mungoven တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ် ဖြေလျှော့မှု စမ်းသပ်စီမံကိန်းကို လာမည့် ၂၀၁၉ ခုနှစ် ဇွန် (၁)ရက်မှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တို့တွင် စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

Pilot ဆောင်ရွက်နေစဉ်ကာလအတွင်း Monitoring and Evaluation (M&E) ကို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် Pilot ဆောင်ရွက်စဉ်ကြုံတွေ့ရသည့် အခက်အခဲ များကို ပြန်လည်သုံးသပ်ပြီး ကျန်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် မြို့နယ်များ၌ တိုးချဲ့ဆောင်ရွက်ခြင်းအပြင် ကျန်သည့်အကျိုးခံစားခွင့်များကို ဆက်လက်ဖြေလျှော့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်။ 

 

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၊ Senior Technical Officer - Ms. Mariana Infante Villarroel က EII Pilot Project ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ EII Pilot Project ဆောင်ရွက်မှုလုပ်ငန်းများအား ရှင်းလင်းသည်။ 

 

ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းရာ လူမှုဖူလုံရေးအဖွဲ့တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

 

(သတင်းစဉ်)