အမာ ၁၅  သြဂုတ်  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နောက်မီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ ဦးမြင့်နိုင်၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၁)လုံး လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်သေကြေ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁)စုတွင် လူဦးရေ ကျား(၄)ဦး၊ မ(၂)ဦး၊ ပေါင်း(၆)ဦး တို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

နော်လေး(အမာ)