မေ ၁၆
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ယမန်နေ့က မာရသွန်ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဟူစတန်မြို့ဆင်ခြေဖုံးရှိ ဂါဗက်တန်ဘေးစက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့မွန်းလွဲပိုင်းက ပြောကြားသည်။
အဆိုပါမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု တက္ကဆက်မြို့ရဲတပ်ဖွဲ့ကဆိုသည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူရှိ၊ မရှိဆိုသည်ကို ၎င်းကုမ္ပဏီနှင့်အာဏာပိုင်အဖွဲ့များက ချက်ချင်း ထုတ်ပြန်ပြောကြားခြင်းမရှိပေ။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု ထိုကုမ္ပဏီကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို