ဝါရှင်တန် အောက်တိုဘာ ၇
အမေရိကန်သိပ္ပံပညာရှင် သုံးဦးဖြစ်သည့် ဂျွန်ကလာ့ခ်၊ မိုက်ကယ် အိတ်ချ်ဒီဗောရက်တ်နှင့် ဂျွန်အမ် မာတီးနစ်တို့ကို ကွမ်တမ်ကမ္ဘာ၏ ဂုဏ်သတ္တိများကို ရှာဖွေတွေ့ရှိမှုအတွက် ၂၀၂၅ ရူပဗေဒ နိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက အောက်တိုဘာ ၇ ရက်တွင် ကြေညာလိုက်သည်။
ချစ်ပ်ပြားပေါ်တွင် ၎င်းတို့၏ စမ်းသပ်မှုသည် ကွမ်တမ်ရူပဗေဒဆိုင်ရာ လုပ်ဆောင်ချက်ကို ထင်ရှား စေသည့်အတွက် ယခုလို နိုဘယ်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုသည် ကွမ်တမ်ကွန်ပျူတာများအပါအဝင် ကွမ်တမ်နည်းပညာ ၏ နောက်ထပ်မျိုးဆက်သစ်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း အကယ်ဒမီက မှတ်ချက်ပြုပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


