ဝါရှင်တန် အောက်တိုဘာ ၇

အမေရိကန်သိပ္ပံပညာရှင်   သုံးဦးဖြစ်သည့် ဂျွန်ကလာ့ခ်၊ မိုက်ကယ် အိတ်ချ်ဒီဗောရက်တ်နှင့် ဂျွန်အမ် မာတီးနစ်တို့ကို   ကွမ်တမ်ကမ္ဘာ၏  ဂုဏ်သတ္တိများကို   ရှာဖွေတွေ့ရှိမှုအတွက်     ၂၀၂၅   ရူပဗေဒ နိုဘယ်ဆု   ချီးမြှင့်လိုက်ကြောင်း      တော်ဝင်ဆွီဒင်သိပ္ပံ  အကယ်ဒမီက    အောက်တိုဘာ  ၇    ရက်တွင်   ကြေညာလိုက်သည်။

ချစ်ပ်ပြားပေါ်တွင် ၎င်းတို့၏ စမ်းသပ်မှုသည် ကွမ်တမ်ရူပဗေဒဆိုင်ရာ လုပ်ဆောင်ချက်ကို ထင်ရှား စေသည့်အတွက် ယခုလို နိုဘယ်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း  တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များ၏   ရှာဖွေတွေ့ရှိမှုသည် ကွမ်တမ်ကွန်ပျူတာများအပါအဝင် ကွမ်တမ်နည်းပညာ ၏ နောက်ထပ်မျိုးဆက်သစ်များကို ဖွံ့ဖြိုးတိုးတက်အောင်  လုပ်ဆောင်ရာတွင်  ကူညီပေးသွားမည်ဖြစ်ကြောင်း အကယ်ဒမီက မှတ်ချက်ပြုပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ