လော့စ်အန်ဂျလိစ်   ဇွန်   ၉

ရွှေ့ပြောင်းအခြေချနေထိုင်သူများကို နှိမ်နင်းမှုများလုပ်ဆောင်နေသည့်အပေါ်    ကန့်ကွက်ဆန့်ကျင် ဆန္ဒပြနေသူများအား ဖြိုခွင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ အမေရိကန် အနောက်ပိုင်း လော့စ်အန်ဂျလိစ်မြို့တွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များကို ဖြန့်ကြက်ချထား ကြောင်း သိရသည်။

ဇွန် ၆ ရက်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့်   အကောက်ခွန်ဌာနသည်     မြို့တော်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများကို   အကြီးအကျယ်နှိမ်နင်းဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ    ဖြိုခွင်းမှုများကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး တချို့ဆန္ဒပြသူများ သည် အကြမ်းဖက်အသွင်ကူးပြောင်းခဲ့သည်။

ဇွန်   ၇   ရက်   ညနေပိုင်းမှစပြီး    တစ်ညလုံး လော့စ်အန်ဂျလိစ်မြို့လယ်ရှိ လမ်းများတွင် ဆန္ဒပြသူ ၁၂၀   ခန့်ရှိကြောင်း   အေဘီစီသတင်းနှင့်    တခြားအမေရိကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆန္ဒပြသူအချို့သည် အာဏာပိုင်များ၏ အမိန့်ကိုမနာခံခဲ့သည့်အတွက် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်  ၂၀၀၀  ခန့်ကို တပ်ဖြန့်ချထားရန် အမိန့်ပေး ခဲ့သည်။ တချို့သည် ဇွန် ၈ ရက်တွင် မြို့လယ်ကောင်သို့ ရောက်ရှိနေကြသည်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ပုံမှန်အားဖြင့်   ပြည်နယ်အုပ်ချုပ်ရေးမှူး၏   ကွပ်ကဲမှုအောက် တွင်ရှိသော်လည်း အရေးပေါ်အခြေအနေတွင်  အမေရိကန်သမ္မတက ၎င်းတို့ကိုခေါ်ယူပိုင်ခွင့်ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ်    အုပ်ချုပ်ရေးမှူး ဂါဗင်နယူးစ်ကမ်က မစ္စတာ ထရမ့်၏လုပ်ဆောင်ချက် သည် တင်းမာမှုများကို  ပိုမိုတိုးလာနိုင်စေကြောင်း ပြောကြားခဲ့ပြီး  လော့အန်ဂျလိစ်မြို့တော်ဝန် ဘတ်စ်က  တပ်ဖြန့်ချထားရန်   လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ