ညောင်လေးပင် ၁၀ မေ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အမှိုက်ကင်းစင် သန့်ရှင်းရေး (Campaign) စုပေါင်းဆောင်ရွက်ခြင်းကို မေလ ၁၀ ရက်နေ့မနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အမှိုက်ကင်းစင်သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ လူမူရေးအဖွဲ့အစည်းများ ဒေသခံပြည်သူလူထုများ ပါဝင်ကာ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
စုပေါင်းဆောင်ရွက်ခြင်းကို ညောင်လေးပင်မြို့ မြို့မ(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း ဆေးရုံရှေ့ မျက်နှာစာနှင့် ဆေးရုံတောင်ဘက် (စုပေါင်းရုံးလမ်း) ကိုးနဝင်းစေတီရှေ့ (ရွာသစ်ရပ်)နှင့် ရန်ကုန်မန္တလေး ကားလမ်းမကြီးတို့၌ အမှိုက်များကောက်ခြင်း၊ ခြုံနွယ်မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)
