ရန်ကုန် ဇွန် ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ​ကောလိပ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းများနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ​ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

 

အဆိုပါ​ကောလိပ်တွင် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ​ကျောင်းသား ကျောင်းသူများ တက်ရောက်မှုမှာ ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား ကျောင်းသူ ၄၄၆ ဦး၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ၂၄၃ ဦး၊ တတိယနှစ် (ပထမနှစ်ဝက်-၂၀၂၀ အောင်) ၁၀၂ ဦး၊ တတိယနှစ် (ဒုတိယနှစ်ဝက်) ၅၅ ဦး၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ၁၃၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၈၁ ဦး ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ခင်ဝင်း(ပြန်/ဆက်)