ရန်ကုန် ၂၂ မေ 

 


အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် အထွေထွေမွမ်းမံခြင်း လုပ်ငန်းများဖြစ်သည့်  အသံစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ဇာတ်စင်သုံးမီးစနစ်များ အဆင့်မြှင့်တင်ခြင်း၊ Air Con; စနစ်များ အဆင့်မြှင့်တင်ခြင်း၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့်တင်ခြင်း၊ အဆောက်အဦပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ အလိုအလျောက်မီးငြိမ်းသတ်စနစ် အဆင့်မြှင့်တင်ခြင်းနှင့် အခြားအထွေထွေ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို သြဂုတ် ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်သည်။

 


သို့ဖြစ်၍ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ငှားရမ်းသုံးစွဲခြင်း လုပ်ငန်းများကို ဇွန် ၁ ရက်မှစတင်၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် ပြုပြင်မွမ်းမံပြီးစီးချိန်တွင် ဇာတ်ရုံငှားရမ်း သုံးစွဲခြင်းဆိုင်ရာကိစ္စများကို ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

 


(သတင်းစဉ်)