ပခုက္ကူ ၁၇ ဩဂုတ်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ ၉ ရွာတွင် ဩဂုတ် ၁၆ ရက် ညနေမှ စတင်၍ ရွာလမ်းမီးများ စတင်လင်းနေပြီ ဖြစ်သည်။
ပခုက္ကူမြို့နယ် မှိုက်ပင်ကုန်းကျေးရွာ လမ်းမီးစတင်ချိတ်ဆက်ပွဲကို ဩဂုတ် ၁၆ရက် ည ၇ နာရီက ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၊ မြစ်ခြေမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးစွမ်းညီညီတို့ တက်ရောက်၍ မီးစတင်လွှတ်ပေးကြသည်။
ပခုက္ကူမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် မီးလင်းရန် ၅၈ ရွာ လျာထားပြီး ကျေးရွာ ၉ ရွာ၌ လမ်းမီးများ စတင်ချိတ်ဆက်လင်းနေပြီ ဖြစ်ကြောင်းနှင့် ကျန်ကျေးရွာများမီးလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)