နေပြည်တော် ၂၈ သြဂုတ် 


အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာအဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

dfrg


အစည်းအဝေးတွင် ကော်မတီသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။


အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်