နေပြည်တော် ၂၃ ဇူလိုင်
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံသံအမတ်ကြီး Mr. MiodragNikolin အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သံအမတ်ကြီးက အောက်တိုဘာ (၁၃)ရက်မှ (၁၇)ရက်အတွင်း ဆားဗီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်မြို့တွင် ကျင်းပမည့် (၁၄၁)ကြိမ်မြောက် ညီလာခံနှင့် Inter-Parliamentary Union (IPU) အစည်းအဝေးများသို့ တက်ရောက်ပေးပါရန် ဆားဗီးယားနိုင်ငံအမျိုးသားညီလာခံ ဥက္ကဋ္ဌ Mrs. Maja Gojkovic က ဖိတ်ကြားသည့် ဖိတ်ကြားစာအားပေးအပ်၍ နှစ်နိုင်ငံအကျိုးနှင့် စပ်လျဉ်းသည့် ချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်


