နေပြည်တော် ၁၄ ဇူလိုင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စ တူနယ် တီးနပ်(စ်)အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးပေးရေး၊ ဆက်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


