မိုင်းပန် ၂၂ မေ


မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့မှ ကြီးမှူးပြုလုပ်သည့် အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာပညာပေး ဟောပြောပွဲကို ယမြန်နေ့ ည ၇ နာရီက မွေတော် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

1


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးများတွင် အဖြစ်များလာသော သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်းကို မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာမျိုးမင်းက ပညာပေး ဟောပြောခဲ့ပါသည်။
 

ယင်းနောက် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေး ဗီဒီယိုဖိုင်များအား ဖွင့်လှစ်ပြသပေးခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အမျိုးသမီး (၂၅ဝ)ခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN

 

1