အမ်း ဇွန် ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခြေခံပညာကျောင်းပေါင်း (၂၁၇)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
အမ်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁၇)ကျောင်း၊ အလယ်တန်းကျောင်း (၂၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၉)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၆)ကျောင်း၊ အ.မ.က (၆၁)ကျောင်း၊ အ.မ.က(ခွဲ) (၃၇)ကျောင်း၊ ဘုန်းတော်ကြီးသင်-၃ ကျောင်း၊ အခြေခံပညာကျောင်း (၂၁၇)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)