အမ်း ၇ ဇွန်
             

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ထမင်းထုပ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွာဝင်ကြိုးတံတားဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။
    

အဆိုပါ ထမင်းထုပ်ကျေးရွာသည် ကမ်းဒိတ်ချောင်းခြားလျက် မြောက်ပိုင်းရပ်ကွက်၊ ကမ်းဒိတ်ကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ ဒိုင်ကျေးရွာများဖြင့် ဆက်စပ်လျက်ရှိသည်။ ယခုဆိုလျှင် အရှည်(၁၈၀-ပေ)၊ အကျယ်(၆)ပေ ရွာဝင်ကြိုးတံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်)စက်ဝန်း  လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေ  ကျပ်သန်း(၂၀)ဖြင့် ရွှေမိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ကြိုးတံတား ဆောက်လုပ်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများအနေဖြင့် သွားလာမှု အဆင်ပြေချော့မွေ့၍ ကျောင်းသား၊ ကျောင်းသူများ မိုးတွင်းကာလတွင် အခက်အခဲမရှိ ကျောင်းတက်နိုင်မည်ဖြစ်သည်။
    

ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွာဝင်ကြိုးတံတားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ ရခိုင်ပြည်နယ် လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ပြည်နယ်စီမံကိန်း တာဝန်ခံ ဦးညီညီဆွေ၊ ကျေးရွာ ရပ်မိ/ရပ်ဖ ဦးမောင်ချေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

1


ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။


မြို့နယ် ပြန်/ဆက် 

 

1