အမ်း ဩဂုတ် ၂၇

 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမတွင် ယနေ့ နံနက် ၉ ခွဲက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က မြို့နယ်အတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြေကြားပြီး အမ်းမြို့နယ် မီးသတ်စခန်းရှိ သဘာဝဘေးဆိုင်ရာ ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ မှ ၂၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ ကြိုတင် ဆောင်ရွက်ရမည့် အစီအမံများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများ၊ အသုံးဝင်ပုံ၊ ​သေတွင်းအလွယ်တကူ ရရှိအသုံးပြုနိုင်သော ကြိုတင်ကာကွယ်ရေး ပစ္စည်းများ၊ မီးဘေး၊ ရေကြီးရေလျှံမှု၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ငလျှင်ဘေးနှင့် အခြားသဘာဝဘေးများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)