နေပြည်တော် ၁၅ စက်တင်ဘာ
COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ကုန်စည် စီးဆင်းမှုအရ သွားလာနေသည့် ကုန်တင်ကားများနှင့် မော်တော်ကားများသည် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းသို့ ဝင်ရောက်မှုများတွင်သာ ကန့်သန့်ထားရှိခြင်းဖြစ်ပြီး အမြန်လမ်းအသုံးပြုမှုတွင် ကန့်သတ်ထားခြင်းမ ရှိကြောင်း သိရှိရသည်။ ညမထွက်ရအမိန့်ကြောင့် အမြန်လမ်းအသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့် ည(၁၂)နာရီကနေ မနက်(၄)နာရီအထိ သက်ဆိုင်ရာအနီးစပ်ဆုံးရဲစခန်း၊ တိုးဂိတ်များနှင့် ရဲကင်းစခန်းများတွင် ရပ် နားနိုင်သည်ဟုလည်း သိရှိရသည်။ အမြန်လမ်းမကြီးတစ်လျှေုာက် ရဲစခန်း(၁၆)စခန်း၊ ရဲကင်း(၄၄)ခုရှိပြီး အဆို ပါစခန်းများတွင် အမြန်လမ်းမကြီး အသုံးပြုသွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် ညပိုင်းအ ချိန်များတွင် ရပ်နားနိုင်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမျိုးလင်းသန့်က မြန်မာ့ရုပ်မြင်သံကြားကို ပြောကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနကနေ COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း (၂၁-၄-၂၀၂၀) ရက်နေ့က ည(၁၂)နာရီမှ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမြန်လမ်းအသုံးပြုသည့် ခရီးသွား ယာဉ်များ၊ ကုန်တင်ကားများသည် နီးစပ်ရာစခန်းများတွင် ညပိုင်းအချိန်များ ရပ်နားနိုင်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ COVID-19 ကူးစက်မြန်ရောဂါ လျော့နည့်သွားသည့်အချိန်များတွင် အဆိုပါညမထွက်ရအမိန့်များ ဖြေ လျှော့မှုများရှိခဲ့သော်လည်း COVID-19 ရောဂါကူးစက်မှုအခြေအနေအရ (၁၇-၇-၂၀၂၀) ရက်နေ့တွင် ညမထွက်ရ အမိန့်ကို ရက်တိုးသတ်မှတ်ခဲ့သည့်အတွက် အမြန်လမ်းမကြီးတစ်လျှောက် လမ်းအသုံးပြုသူများ အနီးစပ်ဆုံးစ ခန်းများတွင် ရပ်နားနိုင်ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
# MRTV


