မန္တလေး ဇွန် ၁၁

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီက ရွှေကြက်ယက်ဘုရားအနီး၌ ပြုလုပ်သည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နတ်ရေကန် ငါးလုပ်ငန်းစခန်းတာဝန်ခံ၊ သရက်ကုန်းစခန်းတာဝန်ခံနှင့် ငါးလုပ်ငန်း စခန်းများမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က နှစ်လက်မအရွယ် ရွှေဝါ ငါးကြင်းသားပေါက်ကောင်ရေ ၃၅၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက် ကောင်ရေ ၃၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၇၀၀၀၀၀ အား ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်