မိုးညှင်း ၆ ဇွန်


မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော အမှတ်(၅၆) အစုန်မန္တလာ ရထားသည် မိုးညှင်းမြို့နယ် ကာဒူဘူတာနှင့် မော်ဟန်ဘူတာအကြားတွင် သံလမ်းဖြတ်ကူးသောကျွဲအုပ်အား တိုက်မိသဖြင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ဇွန် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြစ်ကြီးနားဘူတာမှ ထွက်ခွာလာသော အမှတ်(၅၈) အစုန်မန္တလာလူစီးရထား စက်ခေါင်းအမှတ် DF/1375  စက်ခေါင်းမောင်း ဦးဟန်ဝင်း ၊ ရထားထိန်း ဦးဇော်ဝင်း၊ ရထားလုံခြုံရေးအဖွဲ့တပ်ခွဲ(၃)ရထားရဲစခန်း (ရွာထောင်)မှ ရဲတပ်ကြပ် မြင့်ဝင်းထွန်း အဖွဲ့တို့သည် မိုးညှင်းဘူတာမှ ဆက်လက် ထွက်ခွာခဲ့ရာ ကာဒူဘူတာနှင့် မော်ဟန်ဘူတာအကြား မိုင်တိုင်အမှတ် (620/21) နှင့် (620/20) အကြား ည ၁၀ နာရီ ၅ မိနစ်အချိန်တွင်ရထားသံလမ်းဖြတ်ကူးသောကျွဲအုပ်အား တိုက်မိခဲ့သဖြင့် ရထားတွဲနှစ်တွဲ ဘီးချော်ခဲ့သဖြင့် တာဝန်ရှိသူများနှင့် လမ်းလုပ်သား ၂၀ ဦးတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ခဲ့ကြောင်း သိရသည်။ 


ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် ရထားလမ်းပြင်ဆင်မှုပြီးစီးခဲ့သဖြင့် ရထားများပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။


ဝ၇၈