နေပြည်တော် ၂၁ မေ 
    

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
    

 

dffd

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
    

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းတွင် ဌာနအသီးသီးမှ အတွေ့အကြုံရှိသည့် သင်တန်းနည်းပြများသည် ဌာန၏ မျိုးဆက်သစ်လူငယ်များဖြစ်သည့် ဝန်ထမ်းငယ်များကို ဌာနနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သင်ကြားပို့ချပေးကြမည် ဖြစ်သည့်အတွက် သင်တန်းသား ဝန်ထမ်းငယ်များကလည်း သင်ကြားပို့ချမှုများကို အထူးကြိုးစား လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများသည် လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့ စွမ်းဆောင်ရည်မြင့်မားရန်လည်း အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် IT နည်းပညာများ တတ်ကျွမ်းရန်နှင့် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားအပြင် အိမ်နီးချင်းနိုင်ငံများ၏ ဘာသာစကားများကိုလည်း တတ်ကျွမ်းရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ဌာန၏ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် ဝန်ထမ်းများ သိသင့်သိအပ်သည့် ဗဟုသုတအကြောင်းအရာများစွာကိုပါ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ဂရုတစိုက်လေ့လာမှတ်သားကြရန် အထူးမှာကြားလိုပါကြောင်း။
    

 

သင်တန်းသူများအနေဖြင့် သင်တန်းကချမှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့် သင်တန်းအိပ်ဆောင် စည်းကမ်းများကိုလည်း စည်းကမ်းတကျ လိုက်နာကြရမည်ဖြစ်ပြီး အတွေ့အကြုံကောင်းများစွာရှိသည့် နည်းပြအရာရှိများ၏ သင်ကြားပို့ချမှုများကို ဂရုတစိုက် သင်ယူမှတ်သားကြရမှာ ဖြစ်ပါကြောင်း၊ အစဉ်လေ့လာသင်ယူလိုသော စိတ်ဓာတ်မွေးမြူပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည်နှင့်အညီ ပြည်သူက အားကိုးအားထားပြုရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။
    

 

kljgdf

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်တန်းအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ သင်တန်းတန်းစီကွင်း အခြေအနေတို့ကို လည်းကောင်း၊ လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
    

 

ယခုသင်တန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်းတွင် ဒုတိယအကြိမ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးနှင့် နေပြည်တော်ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမျိုးသမီးဝန်ထမ်း သင်တန်းသူ(၆၅)ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 


(သတင်းစဉ်)