ဟားခါး ၂၂ ဇွန်
    

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)၊ တပ်မတော်ဆေးရုံ ကုတင်(၁၀ဝ)မှ နယ်လှည့်ဆေး ကုသမှုအဖွဲ့နှင့် ခလရ ၂၆၆ မှ ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ ဦးဆောင်သော ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ ဇွန် ၂၂ ရက် နံနက် (၈ )နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအုပ်စု ချွန်ကျုံး အ.ထ.က သို့ရောက်ရှိပြီး ဒေသခံပြည်သူများအား အခမဲ့နယ်လှည့်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
    

ဆေးကုသမှုအဖွဲ့တွင် ဗိုလ်မှူးသန်းထွဋ်ဝင်းဦးဆောင်၍ အထူးကုဆရာဝန်ပါရဂူသုံးဦး၊ အထက်တန်း သူနာပြုနှစ်ဦးနှင့် ဆေးစစ်သည် သုံးဦးတို့သည် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများ၊ အထွေထွေရောဂါများနှင့် အရိုးအကြောဆိုင်ရာ ရောဂါများအား ကွင်းဆင်းကုသပေးခဲ့ရာ ဝေဒနာရှင်ပြည်သူ ၃၆၇ ဦးကို ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။
    

ဆေးကုသရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ နယ်စပ်နှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦး၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဝန်ထမ်းများ၊ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့် ဝန်ထမ်းများက သွားရောက်၍ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1