ရန်ကုန် ၃၀  နိုဝင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နေ့လယ်စာနှင့် အလှူငွေများကို ယမန်နေ့ နံနက် ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက  အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

           

အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာ(၁၅၀) အတွက် နေ့လယ်စာ ထမင်းနှင့်ကြက်သားဟင်း၊ ကျန်းမာရေးဝန်ထမ်း(၁၃၀)ဦးအတွက် နေ့လယ်စာ ထမင်းနှင့်ကြက်သားဟင်းတို့ကို ဆေးဝါးစက်ရုံ(အင်းစိန်)BPI သွေးကြောသွင်းဆေးရည် ထုတ်လုပ် ရေးဌာန မိသားစုက လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင်စေရန် ဦးစည်သူကျော်+ဒေါ်လွင်လွင်သန်း မိသားစုမှ အလှူငွေ(၅)သိန်းတို့ကို လှူဒါန်းရာ အင်းစိန် အထွေထွေ ရောဂါ ကုဆေးရုံကြီး မှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

ဇွဲထက်ကို(ပြန်/ဆက်)