ရန်ကုန် ၁၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလတွင် မကူးစက်နိုင်သော ရောဂါများ ကုသပေးနိုင်စေရန်နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်ရွက်ပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးမှူး ဒေါက်တာ နော်သန္တာဆွေမှ ဦးဆောင်၍ မွန်းလွဲ ၁ နာရီမှ စတင်ကာ တနင်္လာနေ့တွင် ကိုယ်ဝန်ဆောင် မိခင် လူနာသစ်များနှင့် အင်္ဂါနေ့နှင့်ကြာသပတေးနေ့တို့တွင် ကိုယ်ဝန်ဆောင်မိခင် လူနာဟောင်းများကို ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စစ်ဆေးကြည့်ရှုပေးလျက်ရှိပြီး ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


