ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင် လှိုင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ငါးမျိုးစိုက်ထည့်ရာတွင် တာဝန်ရှိသူများက သဘာဝရေပြင် လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းခွဲကို ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)