အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်

ဂျကာတာ  ဒီဇင်ဘာ  ၉

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဂျာဗား ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ပြင်းအား  ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ကြောင်း မိုးလေဝသ၊ရာသီဥတုဗေဒနှင့် ဘူမိရူပအေဂျင်စီက  ပြောကြားသည်။

 

အဆိုပါငလျင်သည် နံနက် ၀၇ နာရီ  ၅၀ မိနစ်တွင် လှုပ်ခဲ့ပြီး ငလျင်ဗဟိုချက်မှာ အနောက် ဂျာဗားပြည်နယ် ဆူခါဘူမီခရိုင်၏ အရှေ့တောင်ဘက် ၂၂ ကီလိုမီတာတွင် တည်ရှိသည်။ ငလျင်အနက်မှာ မြေအောက် ၁၂၂ ကီလိုမီတာရှိကြောင်း ငလျင်နှင့် ဆူနာမီလျော့ပါးရေးဌာနမှ အကြီးအကဲဖြစ်သူ ဒါယိုနိုက ပြောကြားသည်။ ငလျင်လှုပ်မှုကြောင့် ဆူနာမီဖြစ်ပေါ်ရန် အလားအလာ မရှိကြောင်း အေဂျင်စီက ပြောကြားသည်။ 

 

အနောက်ဂျာဗားပြည်နယ်တွင် ပြီးခဲ့သည့်လက ပြင်းအား ၅  ဒသမ  ၆ အဆင့်ရှိ ငလျင်လှုပ်သဖြင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။     


                     
ဆင်ဟွာ