အင်ဂျန်းယန် ၂၅  ဇူလိုင် 

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာရှိ မဲရုံများတွင် ပထမအကြိမ်မဲစာရင်း‌ ကြေညာကပ်ထားခြင်း ယနေ့နံနက် (၉)နာရီတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ပထမအကြိမ်မဲစာရင်း‌ ကြေညာကပ်ထားခြင်းကို ဇူလိုင် (၂၅) ရက်နေ့မှ ဩဂုတ်(၇)ရက်နေ့ထိ  ရက်သတ္တ နှစ်ပတ်ကြာ ကြေညာထားရန် ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်အမည်စာရင်းများ စနစ်တကျကပ်ထားမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်က မဲဆန္ဒရှင်များ၏ လိုအပ်ချက်များကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ နည်းဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

အင်ဂျန်းယန်မြို့နယ်တွင် မဲရုံပေါင်း(၇)၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၉၃၆) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။    

 

ကျော်စိုးနိုင်(ပြန်/ဆက်)