အင်္ဂပူ  ၇  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ကိုဗစ်၁၉ ကာလစီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေး လုပ်ငန်းများပြန်လည် ဦးမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား (ပထမအကြိမ်) ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီက အင်္ဂပူမြို့နယ်ငါး လုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင်ငါးလုပ် ငန်းဦးစီးမှူးဦးတင့်လွင်နှင့်တာဝန်ရှိသူများမှ အင်္ဂပူမြို့နယ်အတွင်း ရှိငါး‌မွေးတောင်သူ (၁၉)ဦး ၏ငါးမွေးကန်(၇၅.၈၁၆)ဧကအတွက် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၁၆၃၂)ကောင်ကို ထောက်ပံပေးအပ်ခဲ့သည်။ကျန်ရှိနေသော ငါးမွေးတောင်သူ ()ဦး၏ (၆၀.၄၉)ဧက အတွက် တောင်သူ ()ဦး၏ (၆၀.၄၉)ဧက အတွက် ငါးသားပေါက်ကောင်ရေ(၁၂၀၉၈၀)အား (၁၁..၂၀၂၀) ရက် နေ့တွင်ဆက်လက် ပေးအပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင့်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ‌ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊‌ ဒေသခံငါးမွေးတောင် သူများတက်ရောက်ခဲ့‌ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

MDN