အင်္ဂပူ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေးမရရှိဖူးသော မသန်စွမ်းဦးရေ (၆၀)အား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ခြောက်လ၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဝင်းကျော်၊ အင်္ဂပူမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုဦးစီး ဦးအောင်ခန့်ကျော်နှင့် အဖွဲ့တို့မှ ထောက်ပံ့ငွေများကို မသန်စွမ်းသူများထံသို့ ကိုယ်တိုင်ကိုယ်ကြ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


