နေပြည်တော် နိုဝင်ဘာ ၂၁
နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာငွေလာရောက် ထုတ်ယူကြသည့် အငြိမ်းစား သက်ကြီးရွယ်အိုဘိုးဘွားများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၀၀၀) ကျော်တို့အား ဆုလာဘ်ပိုင်ကုမ္ပဏီ မိသားစုမှ လစဉ် စတုဒိသာ လှူဒါန်းလျက် ရှိရာ လှူဒါန်းမှုသည် (၁၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယနေ့တွင် မော်လမြိုင် မုန့်ဟင်းခါး စတုဒိသာနှင့် သောက်ရေသန့်များ ကုသိုလ်ပြုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပင်စင်စားဘိုးဘွားများအတွက် ရင်တွင်းစာနာစိတ်၊ တတ်နိုင်သမျှ ဖေးမကူညီ လိုသောဆန္ဒဖြင့် စတင်လှူဒါန်းခဲ့သည့် တစ်လတစ်ကြိမ် မေတ္တာပေးလှူ ဖေးမကူ စတုဒိသာအလှူကို ဆက်လက်လှူဒါန်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)