ညောင်ရွှေ  စက်တင်ဘာ   ၂၂

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်)မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၁ ရက်)အထိ အင်းလေး ဒေသ ၂၁ ဌာနသို့  ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံမည်ဖြစ်သည်။

 

သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်)  နံနက်ပိုင်းတွင်  အင်းလေးဒေသ နမ့်ဟူးရွာရှိ  ရတနာစံကျောင်းတော်ကြီးတွင် ဒေသစာရီ စတင်လှည့်လည်ကြွချီပူဇော်ခံပွဲအခမ်းအနားကို ကျင်းပ မည်ဖြစ်သည်။   ညောင်ရွှေမြို့သို့   သီတင်းကျွတ်လဆန်း  ၇   ရက်  (အောက်တိုဘာ  ၂၁  ရက်)တွင်  ရောက်ရှိ၍ သီတင်းကျွတ်လဆန်း   ၉ ရက် (အောက်တိုဘာ ၂၃ ရက်)အထိ ပူဇော်ခံမည်ဖြစ်သည်။

 

သီတင်းကျွတ်လပြည့်ကျော် ၃ ရက်(နိုဝင်ဘာ ၁ ရက်)တွင် နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်သို့ ပြန်လည်ကိန်းဝပ်စံပယ်ပူဇော်ခံမည်ဖြစ်ပြီး ရတနာစံကျောင်းတော်ဝင်ပွဲ အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။

 

ညောင်ရွှေမြို့သို့  ကြွချီပူဇော်ခံမည့်  အောက်တိုဘာ ၂၁ ရက်နှင့် ရတနာစံကျောင်းတော်သို့ ပြန်လည် ကိန်းဝပ်စံပယ်ပူဇော်ခံမည့်   နိုဝင်ဘာ  ၁  ရက်နေ့များတွင် အင်းသားရိုးရာအမျိုးသား ရာကျော် လှေပြိုင်ပွဲ၊  အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီး နှစ်ကျိပ်ခြောက်လှေပြိုင်ပွဲနှင့်   အမျိုးသားတစ်ဦးချင်း လှေပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်