ညောင်ရွှေ   ၂၈  ဇူလိုင်  

 

ဦးတင်ဧ(ရှမ်းပြည်) အထိမ်းအမှတ် အင်းသားတိုင်းရင်းသား ပညာရေးဖောင်ဒေးရှင်း စတုတ္ထအကြိမ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်လင်းအောင်၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးနှင့် ဦးတင်ဧ(ရှမ်းပြည်) ပညာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတက်ထွန်းတို့က အသီးသီး အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဖောင်ဒေးရှင်း အမှုဆောင် ဦးတင်အောင်က ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက်များနှင့် ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

အဆိုပါ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားသည် စတုတ္ထအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူပေါင်း ၁၄၀ ဦးကျော်အတွက် ပညာသင် ထောက်ပံ့ပေး ငွေပေါင်း ကျပ်သိန်း ၃၀ဝ ကျော် ပေးအပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN