အင်တော ၂၂ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ရပ်ကွက်၊ ကျေးရွာ များအတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေး အား ယနေ့နံနက်ပိုင်းက အင်တောတိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက်၍(HPV)ရောဂါ ကူးစက်ပုံများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာ များ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာ ရောဂါများအကြောင်းသိကောင်းစရာများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများက အင်တောမြို့ပေါ်(၆)ရပ်ကွက်၊ နန်းကောင်းမှုကျေးရွာနှင့် နန်းကု ကျေးရွာ အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း ၁၀၉ ဦးအား သားအိမ် ခေါင်းကင်ဆာ HPV ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)


