အင်းတော်  ၂၃  ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်းရှိ လယ်စိုက်တောင်သူများ မိုးမရွာသဖြင့် လယ်စိုက်ရန် ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

1

 


အချို့တောင်သူများသည် စပါးပျိုးခင်းများကို ချောင်းရေဖြင့် အသုံးပြုကာ ပျိုးထောင်ကြသော်လည်း ပျိုးသက်ရချိန်တွင် မိုးမရွာသဖြင့် လယ်ယာများ ထွန်ယက်စိုက်ပျိုးရန် အခက်ခဲတွေ့နေခြင်း ဖြစ်သည်။


ချောင်းရေ အကူအညီ မရသည့် တောင်သူများမှာ မြေသားများအကြမ်း ထွန်ယက်၍ စပါးမျိုးစေ့ ပက်ဖျန်းပြီး စပါးခွန်များ ဖုံးအုပ်ကာ အခြောက်ပျိုးကြဲခြင်းကို လုပ်ဆောင်ကြသော်လည်း မိုးရေမရှိသည့်အတွက် အခြောက်ပျိုးကြဲမှု လုပ်ငန်းမှာလည်း စိတ်မချရသည့်အနေအထားတွင် ရှိနေကြောင်းလည်း တောင်သူဦးဇော်လင်း ၏ပြောကြားချက်အရ သိရသည်။


အင်းတော်မြို့နယ်သည် ချောင်း၊ မြောင်းပေါများသော်လည်း မိုးမရွာသဖြင့် အဆိုပါ ချောင်း၊မြောင်းများတွင်လည်း ရေများခမ်းခြောက်နေပြီး အဓိကလိုအပ်သည့် မိုးရေကို မျှော်လင့်နေကြရကြောင်း သိရသည်။


လူအောင်(ကသာ)