ဆင်ပေါင်ဝဲ ၂၄ ဇွန်  

ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်၍  အသိဉာဏ်တိုးစေရန်နှင့်ပျော်ရွှင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်၉  နာရီခွဲက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

8886

 

ရှေးဦးစွာ ပြန်/ဆက်ဦးစီးမှူး ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲအား တက်ရောက်လာသည့်ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာကြည့်ရှု ခဲ့ကြောင်းသိရသည်။

နေခြည်(ဆင်ပေါင်ဝဲ)