ကော့မှူး ၁၁ ဇွန်  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျား စာကြည့်တိုက်တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန( Commuinty Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

3652

 

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဝင်းလှိုင်က ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအတွင်း မူးယစ်ဆေးဝါးရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာစေနိုင်သော လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း ပြောကြားခဲ့သည်။

ကျော်သူရ (ပြန်/ဆက်)