ပုလော ၁၄ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာ ရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပုလောမြို့ အ.ထ.က(ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲဝင်(၇)ဦး၊ မူးယစ်ကင်းဝေးကျန်းမာရေး အားကစားနှင့်မြှင့်တင့်ပေးခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲဝင်(၆)ဦး၊ လူငယ်ဘဝ တိုးတက်ဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ခေါင်းစဉ်ဖြင့် ကွန်ပျူတာပန်းချီပြိုင်ပွဲဝင် (၉)ဦးနှင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ဖို့ မူးယစ်ဆေးကိုဆန့်ကျင်စို့ ခေါင်းစဉ်ဖြင့် ပိုစတာပြိုင်ပွဲဝင်(၁)ဦး၊ (ထက်/လယ်/မူ) ပေါင်း (၂၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲဝင်များအား ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် NGOအဖွဲ့အစည်းများ တက်ရောက် ကြည်ရှုအားပေးခဲ့ကြသည်။
ထူးဝေယံ(ပြန်/ဆက်)