လှည်းကူး ၂၇ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော ဈေး၊ လဝက၊ တရားရုံး၊ ဆိုက်ကားဂိတ်နှင့် ကားမှတ်တိုင် နေရာများတွင် အများပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ အကြောင်းကို ဖတ်ရှုလေ့လာခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန် ၂၆ ရက် နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


