အင်းတော် ၂၈  ဇွန်

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အထက( အင်းတော် ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အထက(အင်းတော်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနွဲ့နှင့် အင်းတော်မြို့နယ် မူးယစ်ဆေးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဆန်နီတို့က အမှာစကားပြောကြားပြီး ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟ၊ အထက(အင်းတော်)ကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်းရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ငြိမ်းအိအိဖြိုး