ကျိုက်မရော ၄ ဇွန်

၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက် ၁၀ နာရီက အလကခွဲ လက်ပန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အလက(ခွဲ) လက်ပန်ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးပန်းချီပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၅) ဦးတို့ကပြိုင်ပွဲဝင်ခဲ့ကြသည် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဇွန်လ ၂၆ ရက်တွင် အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်၊

MDN

 

mdn