နေပြည်တော် ၂၁ မေ
တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန်နှင့် တတိယအကြိမ်မြောက် မြန်မာ- ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L.Locsin,Jr. နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီးတို့က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Mount Pleasant ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L.Locsin, Jr. နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိ်ုင်ငံသံအမတ်ကြီး H.E. Mr. Eduardo R. Kapunan. Jr နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)