ထားဝယ်၊ အောက်တိုဘာ ၁
၂၀၂၃ ခုနှစ်၊ သက်ကြီးသူများဘဝ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
ဦးစွာ တက်ရောက်လာသော ဧည့်သည်တော်များက အဘိုးအဘွားများအား ကန်တော့ကြပြီး တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အဘိုးအဘွားများအား အလှူငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဘိုးဘွားများအား ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ကန်တော့ခံ အဘိုးအဘွား ၃၅ ဦးအပါအဝင် တိုင်းဒေသကြီးရှိ မြို့နယ်များမှ ဘိုးဘွား ၉၅ ဦးအတွက် တစ်ဦးလျှင် ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းတန်ဖိုး ကျပ် တစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးရှိ အသက်အကြီးဆုံး သုံးဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သိန်းနှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ် ၁၀၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)