နောင်ချို ၁၂ ဇွန်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကို၏ ဦးဆောင်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဆေးခန်းဖွင့်လှစ်ပေးခြင်းကို အပတ်စဉ်ဗုဒ္ဓနေ့တိုင်း ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆေးခန်းမှ အဘိုး၊ အဘွားများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောသောက်ဆေး၊ ထိုးဆေးများ အခမဲ့ပေးဝေခြင်း၊ အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးကာ အဘိုးအဘွားများ သက်ရှည်ကျန်းမာ ပျော်ရွှင်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

mdn

 

MDN

 

mdn