ပြည်ကြီးတံခွန်  ၉  မေ 

 

အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် “သဘာဝဘေးအန္တရာယ် ကြိုတင်သတိရှိကြပါစို့’’ ဇာတ်လမ်းတိုများ ပြသခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန တွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ  ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအနီမောင်က အမှာစကားပြောကြားသည်။ထို့နောက် မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမခင်ခင်ဝင်း(ပညာရေး) က အပူဒဏ် ကာကွယ်ရေး အသိပညာပေး ဟောပြောသည်။ ၎င်းနောက် “သဘာဝဘေးအန္တရာယ် ကြိုတင်သတိရှိကြပါစို့’’ အသိပညာပေး ဇာတ်လမ်းတိုများအား ပရိုဂျက်တာဖြင့် ပြသသည်။ ယင်းနောက် တက်ရောက်လာသူများက မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အပူဒဏ်ကာကွယ်ရေး အသိပညာနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များအား လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ စာရေးဆရာ/ဆရာမများ၊ ထွန်းသစ်ကိုယ်ပိုင်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

DSC0