နေပြည်တော် စက်တင်ဘာ ၂၄
အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၆၇) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက Virtual Online စနစ်ဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၇)ကို စက်တင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်ထိ Distance Learning ဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁၅ ရက်ထိ in-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား ၈၉ ဦးနှင့် သင်တန်းသူ ၁၀၃ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၉၂ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)