ရန်ကုန် ၂၆  ဩဂုတ် 

အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၁၀၁)(၁၀၂)(၁၀၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) နဝရတ် ခန်းမ၌ ယနေ့နံနက် ၈နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်( အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးတက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယ ပါမောက္ခ ချုပ်(သင်ကြားရေး)၊ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ဌာနမှူး/တွဲဖက်ပါမောက္ခများ၊ ကထိက များ၊ သင်တန်းမှူးများ၊ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းများသို့ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိအရာထမ်းငယ် သင်တန်းသား (၁၈၈)ဦး၊ သင်တန်းသူ(၂၄၄)ဦး စုစုပေါင်း (၄၃၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်မည်ဖြစ်သည်။ 

(သတင်းစဉ်)