ထားဝယ် ၈ ဇွန်

အ‌သေးစားလုပ်‌ငန်းများ‌ ပေါ်ထွက်‌လာ‌ရေး ပံ့ပိုးမှုအစီအစဉ်‌ Business Start Up Campaign (ပေါင်းစုအား) ဖွင့်ပွဲအခမ်းအနားကို ဇွန်‌ ၈ ရက်‌ နံနက် ၉ နာရီတွင် ထားဝယ်‌မြို့၊ ကမ်းနားလမ်းရှိ DDPC Royal Palace Hall ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်‌စိုး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်‌ကြီး ဦးဟိုပင်‌၊ အ‌သေးစားလုပ်‌ငန်းများ ‌ပေါ်ထွက်‌လာ‌ရေးပံ့ပိုးမှု အစီအစဉ်‌ အဖွဲ့ဝင် ဦး‌ဇော်‌ညွှန့်(စီးပွားရေးလုပ်ငန်းရှင်)၊ အဖွဲ့ဝင် ဒေါ်ဝင့်ဝါချို (စီးပွားရေးလုပ်ငန်းရှင်)၊ ‌အဖွဲ့ဝင် ဒေါ်ဝင်းပပလှိုင်‌ (စီးပွား‌ရေးလုပ်‌ငန်းရှင်‌) တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်‌ဖွင့်လှစ်‌‌ပေးခဲ့သည်။

အစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်‌ကြီး ဦးဟိုပင်‌က အဖွင့်အမှာစကား‌ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်‌စိုးက အ‌သေးစားလုပ်‌ငန်းများ‌ ပေါ်ထွက်‌လာ‌ရေး ပံ့ပိုးမှုအစီအစဉ်‌ကို ကြိုဆိုသည့် တိုက်‌တွန်းအားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် ဦး‌ဇော်‌ညွှန့်မှ ‌ကျေးဇူးတင်‌စကား ‌ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ‌‌ Campaing Manager ‌ဒေါ်သန္တာစိုးနှင့်‌ Master Trainer ဒေါ်မင်‌တီ‌အောင်‌ တို့က Business Start Up Campaign အ‌ကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်‌‌ရောက်‌လာသူများမှ သိရှိလိုသည်‌များ ‌မေးမြန်းခဲ့ရာ တာဝန်‌ရှိသူများမှ ပြန်‌လည်‌‌ဖြေကြားခဲ့သည်။

 

အခမ်းအနားသို့ တနင်္သာရီတိုင်း‌ဒေသကြီးလွှတ်‌‌တော်‌ ဒုတိယဥက္ကဋ္ဌ ဦးကြည်‌စိုး၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်‌ပင်‌သာယာရေးဝန်ကြီးဌာန ဝန်‌ကြီး ဦးဟိုပင်၊ လျှပ်‌စစ်‌နှင့် စွမ်းအင်‌ဝန်‌ကြီးဌာန ဝန်ကြီး ဦး‌အောင်‌သူရနှင့် ဌာနဆိုင်ရာများ၊ အ‌သေးစားလုပ်‌ငန်းများ‌ ပေါ်ထွက်‌လာ‌ရေး ပံ့ပိုးမှုအစီအစဉ်‌ Business Start Up Campaign (ပေါင်းစုအား) အဖွဲ့ဝင်‌ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်‌ကွက်နှင့် ‌ကျေးအုပ်‌ချုပ်‌‌ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ထားဝယ်‌ခရိုင်‌အတွင်းရှိ စီးပွား‌ရေးလုပ်‌ငန်းရှင်‌များနှင့် ဒေသခံလူငယ်များ တက်‌‌ရောက်‌ခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)

 

mdn